No results found

    ၀၀၁။ အိမ်ထောင်လုံးနံနက်သီချင်း


    ၁။ လာကြလော့၊ အိမ်သူအိမ်သားများ
        ကျေးဇူးတော်အောက်မေ့ကြစို့။
        အနန္တမဟာကရုဏာ၊
        စုရုံးလျက်သီချင်းသံချို။
        (ဤနံနက်ခါ)၂
        ပြိုင်လျက်သီဆိုကြကုန်စို့။

    ၂။ ကောင်းကင်နှင့် မြေကြီးအရာကို
        ဖန်ဆင်းသော ဘုရားအရှင်၊
        ကျွန်ုပ်တို့ဆင်းရဲသောနေရာသို့။
        ကြွလာပါမည်လော၊ သခင်။
        (အို. . . ကျေးဇူးရှင်)၂
        ကြွလာတော်မူပါ၊ သခင်။

    ၃။ ရှေးကာလ၌ မိုက်မဲခြင်းဖြင့်၊
        ဖုံးလွမ်းလျက်နေကြပါပြီ။
        ဘုန်းနှင့်ပြည့်စုံသောကယ်တင်ခြင်း
        ရှေးကာလ မကြားမသိ၊
        (ထိုကယ်တင်ခြင်း)၂
        ဝမ်းမြောက်ဖွယ်သတင်းဖြစ်၏။

    ၄။ ယေရှု၏ အသွေးတော်အားဖြင့်၊
        တို့အပြစ်များကိုဖြေရှင်း၊
        အားနည်းသောသူကို ကယ်မခြင်း၊
        ပေးသနား၊ အိုကျေးဇူးရှင်
        (ကောင်းကင်ဘုံ၌)၂
        စုဝေးခြင်းပေးပါ၊ အာမင်

    Post a Comment

    Previous Next

    نموذج الاتصال