No results found

    ၂၇၂။ ကိုယ်တော်ကို တောင့်တပါ၏ ကျူး


     ၁။ ကျေးဇူးတော်ကို အလျင်းမခံထိုက်ငြားသော်လည်း၊
    ကိုယ်တော်မြတ်ကိုသာလျှင် ကျွန်ုပ် တောင့်တပါ၏။

    ၂။ ကျွန်ုပ်နှလုံးအတွင်း ကိုယ်တော်ပြုပြင်မှသာ
    ငြိမ်းအေးခြင်းချမ်းသာပင် ရနိုင်ပါ၏၊ ဘုရား။

    ၃။ ကိုယ်တော်စိတ်အေးခြင်းကို မပေးတော်မူခဲ့လျှင်၊
    ကျွန်ုပ်ဘယ်ရပ်မဆို မတွေ့နိုင်ပါ သခင်။

    ၄။ မေတ္တာတော်မြတ်၌သာ စိတ်အေးခြင်း တွေ့ရှိရာ၊
    ထိုဆုကို ကျွန်ုပ်အား သနားမူပါ ဘုရား။

    Post a Comment

    Previous Next

    نموذج الاتصال