No results found

    ၁၅၂။ ကယ်တင်ရာလမ်းကျူး

     


    ၁။ အပြစ်အလွန်များပြားသောကြောင့်၊ ပင်ပန်းသော သူတို့သည်
    အပြစ်မှ ကင်း၊ ငရဲလွတ်အောင် အဘယ်သို့ ပြုမည်နည်း၊ အဘယ်သို့ ပြုမည်နည်း။

    ၂။ အသီးအနှံ၊ နံ့သာမျိုးမျိုး၊ ရွှေငွေအစရှိသော
    လူတို့ စုံမက်သော ဉစ္စာကို ပူဇော်ကြရမည်လော၊
    ပူဇော်ကြရမည်လော။

    ၃။ ထိုသို့ ပူဇော်လျှင်၊ ရှေ့တော်မှာ အကျိုးအလျင်း မရှိ၊
    ကိုယ်စိတ်နှလုံးကို လှူမှသာ နှစ်သက်တော်မူသတည်း၊
    နှစ်သက်တော်မူသတည်း။

    ၄။ လူတို့အပြစ်ဖြေ ပိုင်သောသူ တပါးတည်းသာ ထွန်းပေါ်၊
    ဘုရားသားတော် သခင်ယေရှု မှီဝဲဆည်းကပ်ကြလော့၊
    မှီဝဲဆည်းကပ်ကြလော့။

    Post a Comment

    Previous Next

    نموذج الاتصال