No results found

    ၀၆၆။ ဘုရားသခင်အား ဘုန်းကြီးစေသောကျူး

     


    ၁။ ဘုရားမြတ်သခင်အား ဘုန်းကြီးစေသတည်း၊
    လောကကို ချစ်သောကြောင့် သားတော်ကို စွန့်ပြီ၊
    ပြစ်ဖြေလွှတ်ဆေးကြောရန် သက်တော်မြတ် စွန့်ရာ၊
    လူတိုင်းတို့ ဝင်စေရန် သက်တံခါးဖွင့်ထား။

    ထပ်ဆို
    ချီးမွမ်းလော့၊ ချီးမွမ်းလော့၊ လောကသံတော်ကြားစေ၊
    ချီးမွမ်းလော့၊ ချီးမွမ်းလော့၊ လူတို့ ဝမ်းမြောက်ကြစေ၊
    သားတော်ဖြင့် အဘထံတော်ြမတ် ဝင်ကြပါ၊
    ပြုထားမဟာမှုကြောင့် ဘုန်းတော်ထင်ရှားစေ။ (အာမင်)

    ၂။ သွေးတော်ဖြင့် ဝယ်သော ကယ်တင်ခြင်း ပြည့်စုံလှ၊
    ယုံကြည်သူတိုင်းဘို့ ကတိတော်လာသည်ကား၊
    ဆိုးယုတ်ဆုံးပြစ်မှားသူ အမှန်ယုံကြည်လျှင်၊
    ထိုခဏချင်းတွင် ပြစ်လွှတ်ခြင်းကို သိမြင်။

    ၃။ ကြီးသောမှု သင်ပေးပြီ၊ ကြီးသောမှုပြုပြီ၊
    သားတော်မြတ်ကြောင့် ငါတို့ ဝမ်းမြောက်ခြင်းကြီး၏၊
    သို့သော် ယေရှုရှင်ကို ဖူးတွေ့ရသောခါ၊
    အံ့ဩဝမ်းမြောက်ခြင်းသာ၍ ကြီးမည်မှန်ပါ။

    Post a Comment

    Previous Next

    نموذج الاتصال