No results found

    ၃၈၅။ ကောင်းကင်ခေါင်းလောင်းကျူး

     


    ၁။ ဤယော်ဒန်မြစ်တွင် နှစ်ခြင်းခံစိမ့်သောငှာ၊ ပြစ်ရှိသူအပေါင်း စုရုံးရောက်လာ၊
    ယုံကြည်ကြသော သူများရှိလေသမျှ၊ ခံရာမင်္ဂလာ ယောဒန်မြစ်မှာ။

    ထပ်ဆို
    ဘုန်းတော်၊ ဘုန်းတော် ကောင်းကင်သား ကြွေးကြော်၊
    ဘုန်းတော်၊ ဘုန်းတော် ကောင်းကင်စဉ်နှိုးဆော်၊
    ကောင်းကင်ဗိမာန်တော်တွင် နှံ့ပြားစေလေပြီ၊
    ဟာလေလုယ၊ ကောင်းကင်သားဆို၏။

    ၂။ ဤ ယော်ဒန်မြစ်ကမ်းတွင် ရပ်သောသူအပေါင်း၊ ကောင်းကင်သံကို ခဏလျှင် နားထောင်၊
    လူမျိုးအပြစ်ဖြေရှင်းပိုင်သော ရှင်သခင်၊ ကောင်းကင်ဘုံ ပလ္လင်မှ သင့်ကိုမြင်။

    ၃။ ကောင်းကင်ထက်က မိန့်တော်မူသောအသံမှာ ပျောက်လွင့်သော သား ယခုပင်ပြန်လာ၊
    ငါ့အဘလည်း သင့်တွက်ဝမ်းမြောက်လှလေပြီ၊ ကောင်းကင် ခေါင်းလောင်းများကို ထိုးစေ၏။

    ၄။ ပျောက်လွင့်သောသားများ၊ ခုပင် ပြန်လာချေ၍၊ နက်ဖြန်နေ့တိုင်အောင် မိုင်းမနေ၊
    ငါ့အဘလည်းကောင်းကင်သားများအား ဆိုပေ၊ ထူးမြတ်သတင်း ကြော်ငြာနှံ့ပြားစေ။

    Post a Comment

    Previous Next

    نموذج الاتصال