No results found

    ၀၆၈။ ခရစ်စမတ်သီချင်း

     


    ၁။ ဘုန်းကြီးကောင်းကင်တမန် ပေါ်လာ၊ အံ့ဩလုဖွယ် သီချင်း၊
    ငြိမ်သက် သာယာသော သန်းခေါင်မှာ ရွှေစောင်းတီးလျက် ကျူးရင့်၊
    အိုကြောက်ရွံ့ခြင်းမရှိကြရ၊ လူအပေါင်းတို့အဖို့
    အလွန်ဝမ်းမြောက်ဝမ်းသာစရာ သတင်းကို ငါပြောဆို။

    ၂။ ယနေ့တွင် ဒါဝိဒ်၏ မြို့၌ ကယ်တင်ပိုင်အရှင်သည်၊
    သင်တို့အဖို့ ဖွားမြင်ခြင်းကို ဧကန်ခံတော်မူပြီ၊
    အဝတ်နှင့် ပတ်ရစ်သူငယ်သည် သိပ်လျက် ရှိ၊ နွားစားခွက်၊
    ဗက်လင်မြို့၌ သင်တို့ တွေ့မည်၊ ဝမ်းမြောက်လျက်မြွက်ဆိုသည်။

    ၃။ ထိုခါ ကောင်းကင်ဗိုလ်ခြေအများ ချက်ချင်း ထင်ရှားလျက်ရှိ၊
    ကောင်းကင်ဘုံရှင် ဘုရားသခင်၊ ဘုန်းတော်ကြီးစေသတည်း၊
    မြေကြီးပေါ်၌ ငြိမ်သက်ခြင်းရှိ၊ မေတ္တာကရုဏာလည်း၊
    လူ၌ ရှိစေသတည်းဟူ၍ ချီးမွမ်း ကျူးအေးကြ၏။

    ၄။ ကောင်းကင်တမန်သီချင်းကြားအောင် မြေကြီးတိတ်ဆိတ်နေသည်၊
    ထိုသီချင်းကို ကျွန်ုပ်အပေါင်း ကြားရသောအခွင့်ရှိ
    ကယ်တင်ပိုင်ရှင် ယေရှုသခင်၊ ယဇ်ပုရောဟိတ်မင်းကြီး၊
    ပေါ်ထွန်း၍ တို့အပြစ်ဖြေရှင်း၊ ရွှင်လန်းလျက် ချီးမွမ်းကြ။ (အာမင်)

    Post a Comment

    Previous Next

    نموذج الاتصال