No results found

    ၄၀၀။ အံ့ဖွယ်ယေရှု၏ ချစ်ခြင်းကျူး

     


    ၁။ ယေရှုချစ်ခြင်းအံ့ဩဖွယ်တည်း၊ သွေးတော်နှင့် ဝယ်ယူကယ်ပြီ၊
    ပြစ်လွှတ်ခြင်း ကုသိုလ်တော်မြတ်ဖြင့် ထံတော်မြတ် ချဉ်းကပ်တိုးဝင်၊
    ကယ်တင်ခြင်း ကရုဏာတော်ကြောင့် နာမတော် ချီးမြှောက်ဆိုအောင်၊
    ဘုန်းတော်မြတ်နှင့် ကြွလာဉီးမည်၊ နောက်နောင်ခါ ဖူးတွေ့ရမည်။

    ထပ်ဆိုရန်
    ဟာလေလုယ ကိုယ်တော်သည် တဖန်ကြွာလာလိမ့်ဉီးမည်၊
    မိုးတိမ်စီးလျက် ဆင်းသက်ကြွလာ သစ္စာရှိသူ ခေါ်ခြင်းငှာ၊
    အာကာသ၌ ကြွလာသောခါ၊ ကြွေးကြော်ကြမည်၊ ဟောရှဏ္ဏ
    နိုင်ငံတော်ြမတ်တွင် နောက်နောင်ခါ ဝမ်းမြောက်မည် စဉ်ထာဝရ။

    ၂။ အို အံ့ဖွယ်ယေရှု ချစ်ခြင်းကို နာမတော်ဟာလေလုဆို၊
    ထိုမေတ္တာတော် ချီးမွမ်းကြွေးကြော်၊ ကတိတော်မြတ်အားကိုးလော့၊
    လက်ယာတော်ဖြင့် လမ်းပြမူမည်၊ မျက်စိတော်ဖြင့် ပို့ဆောင်မည်၊
    နောက်နောင်ခါ တွေ့ကြုံသည့်တိုင်အောင် ခရီးလမ်းဘေးမဲ့ပို့ဆောင်။

    ၃။ ယေရှုချစ်ခြင်းအံ့ဩဖွယ်တည်း၊ မှုတော်မြတ် ထူးဆန်းလှ၏၊
    မှောင်မိုက်ထဲမှ ထုတ်ဆောင်မူပြီ၊ တစ်ကိုယ်တည်း ဖြစ်စေမူ၏၊
    မှုတော်ဆောင်ရန် ဝမ်းမြောက်ဖွယ်ရာ တိုင်တော် ထမ်းရန် ပျော်မွေ့လှ၊
    နိုင်ငံတော်မှာ ငြိမ်သက်ချမ်းသာ ကျွန်ုပ်တို့ ဝင်စားရကြ။

    ၄။ ယေရှုချစ်ခြင်းအံ့ဩဖွယ်တည်း၊ သေခြင်းမှ ဝိညာဉ် ကယ်တင်၊
    ကျေးဇူးတော်ကို ချီးမွမ်းဆိုမည်၊ ကရုဏာကြောင့် သက်ရှင်စဉ်၊
    ကျွန်ုပ်တို့၏ ဝိညာဉ်များကို ထက်ကောင်းကင်အိမ်တော်သို့ ပို့၊
    နိုင်ငံတော် ဝင်ရသည်တိုင်အောင်၊ ကျွန်ုပ်တို့ မျှော်လင့်လျက် စောင့်။

    Post a Comment

    Previous Next

    نموذج الاتصال