No results found

    ၁၄၇။ တံခါးခေါက်ခြင်းကျူး


     ၁။ ဧည့်သည်တပါး ရောက်လာ၊ ရပ်နေ၊ တံခါးခေါက်ပေ၊ ယခုခေါက်နေ၊
    စောင့်နေကြာပြီ၊ စောင့်လျက်နေသေး၊ ဘယ်မိတ်ဆွေကို ထိုသို့မပြု။

    ၂။ မိတ်ဆွေစင်စစ်တွေ့ပါမည်လော၊ ဟုတ်ပေ၊ သင်လိုသော မိတ်ဆွေတည်း၊
    ရှေးနာဇရက်မြို့၌ ကြီးသော၊ ကိုယ်သွေးတော်စွန့် ယေရှုဖြစ်သည်။

    ၃။ အိုချစ်လှဖွယ် ကိုယ်တော်ရပ်သည်၊ နှလုံးတော်ချစ်၊ လက်ဆောင်ဆုပေး၊
    ကရုဏာတော် အတုမရှိ၊ ရန်သူတို့ပင် ခံစားရချေ။

    ၄။ လက်ခံ အမျက်တော်ကို ကြောက်လော့၊ လှည့်သွားမူလျှင် ပြန်တော်မလာ၊
    သင်လည်း တံခါးတော် ရှေ့ရပ်သော်၊ ပယ်တော်မူခြင်းကို ခံရရှာ။

    Post a Comment

    Previous Next

    نموذج الاتصال