No results found

    ၀၃၈။ သန့်ရှင်းတော်မူခြင်းကျူး


     ၁။ သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း အနန္တတန်ခိုးမင်း၊
    နံနက်စောစော ကိုယ်တော်မြတ်ကို ချီးမွမ်း အေးကျူးမည်၊
    သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း စွမ်းကြီးကရုဏာရှင်
    သုံးပါးတစ်ဆူတည်းသော ဘုရားသခင်။

    ၂။ သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း ကောင်းကင်သား အပေါင်းတို့
    ပလ္လင်တော်ရှေ့ သရဖူကို ချလျက် ကိုးကွယ်ကြ
    ကောင်းကင်တမန်သရပ် ရှေ့တော်၌ ပျပ်ဝပ်သည်
    ပြောင်းလဲခြင်းကင်းသော ထာ၀ရဘုရား။

    ၃။ သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း မှောင်မိုက်ခြင်းဖြင့် ကွယ်လျှင်
    ပြစ်ရှိသော လူမျိုးသည် ဘုန်းတော်ကို မမြင်နိုင်ရာ
    ကိုယ်တော်သာလျှင်သန့်ရှင်း အတုမဲ့ ဘုရင်မင်း
    မေတ္တာြဖူစင်ခြင်း တန်ခိုးစုံလင်ပါ။

    ၄။ သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း အနန္တတန်ခိုးမင်း
    ကောင်းကင်မြေကြီး ပင်လယ်၌ ဖန်ဆင်းသော အရာများ
    ချီးမွမ်းအေးကျူးနေသည် အိုကရုဏာတော်ရှင်
    သုံးပါတစ်ဆူတည်း မင်္ဂလာဘုရား။ (အာမင်)

    Post a Comment

    Previous Next

    نموذج الاتصال