No results found

    ၃၀၉။ သာ၍မြင့်သောကုန်းပေါ်မှာကျူး

     


    ၁။ ကောင်းကင်လမ်းကို ကြိုးစားတက်မည်၊ နေ့စဉ်တိုး၍ အထက်ရောက်သည်၊
    ကုန်းမြင့်ပေါ်မှာ ခြေလှမ်းဖို့ရာ၊ နေ့စဉ်ပြုမည် ဆုပဌနာ။

    ထပ်ဆို
    ယုံကြည်ခြင်းဖြင့် ကုန်းမြင့်ပေါ်မှာ ရပ်နေဖို့ရာ ကူတော်မူပါ၊
    သာ၍မြင့်ရာ ကုန်းမြင့်ပေါ်မှာ ခြေလှမ်းစိမ့်ငှာ မတော်မူပါ။

    ၂။ ယုံမှားခြင်းနှင့် ကြောက်ရွံ့ခြင်းများ ရှိရာရပ်မှာ မနေချင်ပါ၊
    အခြားသူများ နေချင်သော်လည်း ကုန်းမြင့်ပေါ်မှာသာ ကျွန်ုပ်နေမည်။

    ၃။ မာရ်နတ်ဆိုးသည် တိုက်ခိုက်သော်လည်း ထက်ရပ်မှာသာ နေချင်လှသည်၊
    ကုန်းမြင့်ပေါ်က သီချင်းသံများ၊ ယုံကြည်ခြင်းဖြင့် ကျွန်ုပ်ကြားရ။

    Post a Comment

    Previous Next

    نموذج الاتصال