No results found

    ၂၈၂။ ဆင်းရဲမုန်တိုင်းကျူး

     


    ၁။ ဆင်းရဲမုန်တိုင်း သက်ရောက်လာရာ၊ ဒုက္ခဒီရေတက်စီးသောခါ၊
    ခိုဝင်ငြိမ်းရာ အသင့်ရှိသည်၊ ကျေးဇူးပလ္လင်တော် ရိပ်၌တည်။

    ၂။ ကောင်းကင်စည်းစိမ် ရှေ့စမ်းသည်လို၊ ရွှင်လန်းစိတ်အားကြီးချမ်းသာကို
    သနားမူရာ၊ ဘယ်ရပ်မှာနည်း၊ ကျေးဇူးပလ္လင်တော် နားမှာတည်း။

    ၃။ မိတ်ဆွေချစ်သူ ဝေးကွာလျက်ပင်၊ လွမ်းဆွတ်အောက်မေ့နေကြသည်တွင်၊
    တွေ့ကြုံရာကား၊ အခြားမရှိ၊ ကျေးဇူးပလ္လင်တော် ရှေ့မှာတည်း။

    ၄။ ရွှေလင်းတတောင်ဖြင့် ပျံသည်လို၊ ယုံကြည်စိတ်ကြွ၊ ပလ္လင်တော်သို့၊
    ချီတက် တိုးဝင် ချဉ်းကပ်သောခါ၊ ကျေးဇူးပလ္လင်တော် ဘုန်းကြီးလှ။

    Post a Comment

    Previous Next

    نموذج الاتصال