No results found

    ၀၇၈။ ကောင်းကင်တမန်သီချင်း


     ၁။ သိုးထိန်းတို့သည် သိုးကို စောင့်လျက်၊ မြေပေါ်မှာ ထိုင်နေခါ၊
    ကောင်းကင်တမန်ထင်ရှား ဆင်းသက်၊ တန်ခိုးဖြင့် ထွန်းတောက်ကြ။

    ၂။ မကြောက်ကြလင့်၊ မြေကြီးသားများ၊ ဝမ်းမြောက်ဖွယ်ရာ သတင်း၊
    သင်တို့ရှိရာ ဆောင်ခဲ့ရောက်လာ၊ ရွှင်မြူးဂုဏ်တော် ချီးမြှင့်။

    ၃။ ဒါဝိဒ်မြို့တွင် ယနေ့၌လျှင်၊ ဒါဝိဒ်အမျိုးအနွယ်၊
    ကယ်တင်အရှင် ခရစတော်ပင် ဖွားမြင်ပြီ မြတ်သူငယ်။

    ၄။ အဝတ်နှင့် ပတ်ရစ်လျက် သိပ်၍ စားကျင်းတွင် လျောင်းစက်ခေါ်၊
    သင်တို့ ယခုသွား၍ ရှာဖွေဖူးတွေ့မည် သူငယ်တော်။

    ၅။ ကောင်းကင်တမန် ဤသို့ဆိုခါ၊ ထင်ရှားရောင်ဝါ ဗိုလ်ခြေ၊
    မြတ်ဘုန်းတော် ထောမနာပြုကြ ဘုရားရှင်ချီပင့်လေ။

    ၆။ ထက်နေဘုရား ဘုန်းကြီးစေသော၊ မြေပေါ်၌ ငြိမ်သက်မြဲ၊
    ကိုယ်တော်သနားခြင်း မေတ္တာတော်၊ လူများပေါ် ရောက်မစဲ။ (အာမင်)

    Post a Comment

    Previous Next

    نموذج الاتصال