No results found

    ၂၆၂။ ယေရှုအကြောင်း အောက်မေ့ခြင်းကျူး

     


    ၁။ ယေရှုအကြောင်း အောက်မေ့သောခါ၊ ရွှင်လန်းခြင်းရှိပါ၏၊
    သို့သော် ကိုယ်တော်ရှေ့ဝင်ပြီးမှ သာ၍ ရွှင်လန်းလိမ့်မည်။

    ၂။ ယေရှုဟူသော နာမတော်ထက်၊ သာ၍ မြတ်သောအမည်၊
    မြေကြီးပေါ်မှာ ကောင်းကင်ဘဝဂ်၊ ရှာ၍ မတွေ့နိုင်သည်။

    ၃။ ကြေမွသူ၏ မျှော်လင့်စရာ၊ ငြိမ်းသူ၏ ဝမ်းမြောက်ခြင်း
    ရှာ၍ တောင်းပန်သော သူတို့အား၊ ဘယ်လောက် မေတ္တာချစ်ခြင်း။

    ၄။ သို့သော်တွေ့မြင်သောသူတို့အား သွန်းလောင်းသော ကျေးဇူးတော်၊
    မရေမတွက် မတိုင်းနိုင်ပါ၊ အိုအမြတ်ဆုံး ယေရှု။

    ၅။ ရှင်ယေရှု ကိုယ်တော်မှတပါး၊ ဝမ်းသာစရာမရှိ၊
    ယခုဘဝ နောင်ကပ်ကာလ၊ ချီးမွမ်းရှိစေသတည်း။ အာမင်

    Post a Comment

    Previous Next

    نموذج الاتصال