No results found

    ၂၁၇။ သွားစေလိုရာ သွားပါမည်ကျူး


     ၁။ မြင့်သော တောင်ပေါ်ကို ကျော်၍ သွားဖို့၊ ပင်လယ်ကြီးကိုလည်း ကူးပြီး
    စစ်ပွဲဉီးမှာလည်း စစ်ကို တိုက်ဖို့အလိုတော် မရှိသော်လည်း၊
    မသိသောလမ်းကို လျှောက်လှမ်းဖို့ရာ ဝိညာဉ်တော်သည် ခေါ်သောခါ၊
    ပို့ဆောင်တော်မူရာ လိုက်သွားပါမည်၊ ကိုယ်တော်ရှင်အား ပြန်ကြားဆိုမည်။

    ထပ်ဆို
    ကိုယ်တော်ရှင် စေခိုင်းရာသို့ သွားပါမည်၊ ပင်လယ်နှင့် တောင်ကိုကျော်ပါမည်၊
    ပြောစေလိုသမျှစကားကို ပြောမည်၊ ဖြစ်စေလိုသမျှ ဖြစ်ပါမည်။

    ၂။ မေတ္တာစကားများ သူတပါးအား ပြောစေလိုသည် ဖြစ်လိမ့်မည်၊
    အပြစ်လမ်းထဲမှာ လွဲနေသူများ၊ ရှာစေရန် အလိုရှိမည်၊
    မှောင်မိုက်သောလမ်းပေါ် လျှောက်သွားရသော်၊ လမ်းပြတော်မူပါ ကိုယ်တော်၊
    မိန့်တော်မူရာ ပြန်ပြောဆိုပါမည်၊ ပြောစေလိုသမျှကို ပြောမည်။

    ၃။ လယ်ပြင်များထဲမှ မှုဆောင်ဖို့ရာ နေရာရှိသေး၏ ထင်သည်၊
    ကယ်တင်ရှင်ဘို့ရာ သက်ရှင်စဉ်ခါ မှုတော်ဆောင်ရန် ရှိသေးသည်၊
    ကိုယ်တော်ရှင်မြတ်၏ ချစ်ကြောင်းကိုသိ၊ ရှိရှိသမျှ ဆက်သမည်၊
    ဖြောင့်သော စိတ်နှင့် အလိုတော် လိုက်မည်၊ ဖြစ်စေလိုသမျှ ဖြစ်ပါမည်။

    Post a Comment

    Previous Next

    نموذج الاتصال