No results found

    ၂၅၅။ ယုံကြည်ခြင်းသည် အောင်မြင်ခြင်းတည်း


     ၁။ အလင်းတော်၏ ကမ်းပါးယံ၌ ခရစ်ယာန်စစ်သည်တော်များ၊
    စခန်းချလျက် တပ်စွဲနေပါ တောင်အောက်ရန်သူများကို
    အားကုန်သွန်လျက် ချီတက်တိုက်ကြ၊ လင်းရောင်ရှိချိန် တိုက်ပါ၊
    ယုံကြည်ခြင်းသည် အောင်မြင်ခြင်းတည်း၊ လောကကို အောင်ခြင်းတည်း။

    ထပ်ဆို
    ယုံခြင်းဖြင့် အောင်မြင်သည် ယုံခြင်းဖြင့် အောင်မြင်သည်
    ဤလောကကို အောင်နိုင်သည်၊ ကြီးစွာသော အောင်ခြင်းတည်း။

    ၂။ မေတ္တာတော်သည် ငါတို့အလံ၊ နှုတ်ကပတ်တော်ကား၊ ဓါး
    သန့်ရှင်းသူတို့ ခြေရာလျှောက်လျက် ဝမ်းမြောက်စွာ ကြွေးကြော်ပါ၊
    လျင်မြန်လှသော လေဗွေကဲ့သို့ ရန်သူရှိရာ ဝင်ကြ၊
    သေခြင်းကို အောင်သော ယုံခြင်းဖြင့် ရန်သူကို အောင်မြင်ပါ။

    ၃။ ကြောက်ဖွယ်မာရ်နတ်စစ်သည် အများ၊ နေရာအနှံ့ရောက်လာ၊
    သို့ကြောင့် ဘုရားလက်နက်စုံကို၊ အသင့်တပ်ဆင်၍ ထား
    ကယ်တင်ခြင်းသံ ခမောက်ကိုဆောင်၊ သစ္စာခါးပန်းကို စည်း၊
    မြေကြီးတုန်လှုပ်ပဲ့တင်ထပ်မျှ၊ ကြွေးကြော် အော်ဟစ်ကုန်ကြ။

    Post a Comment

    Previous Next

    نموذج الاتصال