No results found

    ၃၆၇။ ကိုယ်တော်ကို သိလိမ့်မည်ကျူး

     


    ၁။ သက်တာလမ်းဆုံးသော ကာလ၊ သေခြင်းမြစ်ကို ကူးရမည်၊
    ဘုန်းတော်ထွန်းလင်းရောင်ခြည်တော်ကို မြင်လိမ့်မည်၊
    ရွှေပြည်တော်ရောက်ရသောခါ၊ ကယ်တင်ရှင်ကို ဖူးမြင်မည်၊
    ပြုံးတော်မူလျက် ကိုယ်တော်ရှင်သည် ဆီးကြိုမည်။

    ထပ်ဆို
    ကိုယ်တော်ရှင်ကို သိပါလိမ့်မည်၊ ပြစ်လွတ်လျက် ထံတော်ပါးရပ်ရမည်၊
    ကိုယ်တော်ရှင်ကို သိပါလိမ့်မည်၊ လက်ဝါးမှာ သံချက်ရာြဖင့်သိမည်။

    ၂။ မျက်နှာတော်ဖူးတွေ့ရသော် ဝမ်းမြောက်ခြင်းသည် စုံလင်မည်၊
    မျက်စိတော်သည် ကရုဏာဖြင့် ထွန်းလင်းမည်၊
    ကရုဏာမေတ္တာတော်နှင့် ကျေးဇူးတော်ကြောင့် ချီးမွမ်းမည်၊
    ရွှေပြည်တော်မှာ ကျွန်ုပ်ဖို့ အခန်းသင့်ရှိ။

    ၃။ ချစ်သူများသည် ကောင်းကင်မှ ကျွန်ုပ်ကို လက်ရပ်ခေါ်၏၊
    သေခြင်းမြစ်မှ ခွဲခွါရခြင်း မှတ်မိသည်၊ ပျော်မွေ့ရာ ဧဒင်ရပ်မှာ သူတို့သည် ဆီးကြိုကြမည်၊
    ကိုယ်တော်ကိုသာ ရှေ့ဉီးစွာ ဖူးမြင်ချင်သည်။

    ၄။ ဖြူဝတ်လုံဝတ်ဆင်လျက်နှင့် ငိုခြင်းကင်းသော မြို့တော်သို့ ကိုယ်တော်ရှင်သည်
    ကျွန်ုပ်ကိုပင် ပို့ဆောင်မည်၊ ရွှင်လန်းစွာ ကောင်းကင်သားနှင့်
    သီချင်းကိုဆိုရသော်လည်း၊ ကိုယ်တော်ကိုသာ ရှေ့ဉီးစွာ ဖူးမြင်ချင်သည်။

    Post a Comment

    Previous Next

    نموذج الاتصال