No results found

    ၀၀၈။ ကိုယ်တော်အပါး ချဉ်းကပ်ကျူး



    ၁။ ညနေချမ်းနေဝင်ချိန်အခါ၊ ကိုယ်တော်ပတ်လည် သူနာအများ၊
    ဝိုင်းဝန်းတိုးဝှေ့ဆည်းကပ်ကြရာ၊ ရောဂါကင်းလျက် သွားကြရပါ။

    ၂။ ကျွန်ုပ်တို့သည် ထိုသို့ပမာ ရောဂါအမျိုးမျိုးနှင့် ကပ်လာ၊
    ကိုယ်တော်ကို မျက်မှောက်မရှုသာ၊ သို့သော် ကိုယ်တော်ရှိကြောင်း သိရ။

    ၃။ ကိုယ်တော်မေတ္တာ တွေ့ကြသောခါ မေ့လျော့ကြပြီ အနာရောဂါ၊
    အိုကယ်တင်ရှင် ကျွန်ုပ်တို့မှ ဆင်းရဲဒုက္ခ ကယ်ရှင်းမူပါ။

    ၄။ ကိုယ်တော် လက်တော်နှင့် တို့မှပါ၊ ကိုယ်တော်အသံတော် လွန်သာယာ၊
    ဤညနေချမ်းနေဝင်ချိန်ခါ၊ ကယ်မ ချမ်းသာပေးတော်မူပါ။ (အာမင်) 

    Post a Comment

    Previous Next

    نموذج الاتصال