No results found

    ၁၄၃။ လောက၏ အလင်းကျူး

     


    ၁။ ဤလောကသည် အပြစ်မှောင်မိုက်၌ ကျင်လည်၊ လောက၏ အလင်းယေရှုတည်း၊
    နေ့ချိန်နေလင်းကဲ့သို့ ဘုန်းတော် ထွန်းလင်းသည်၊ လောက၏ အလင်းယေရှုတည်း။

    ထပ်ဆို
    ငါ့ထံသို့လာ၊ သင့်ဘို့ ထွန်းတောက်နေ၊ ဖြည်းညှင်းစွာ ငါ့ပေါ်သို့ ထွန်းလင်းပေ၊
    ကန်းသော မျက်စိ ယခုမြင်နိုင်လေ၊ လောက၏ အလင်းယေရှုတည်း။

    ၂။ ယေရှုတွင်တည်နေသူ၌ မှောင်မိုက်မရှိ၊ လောက၏ အလင်းယေရှုတည်း၊
    လမ်းပြနော်တော်လိုက်စဉ် အလင်းတွင် လျှောက်သည်၊ လောက၏ အလင်းယေရှုတည်း။

    ၃။ ပြစ်ဖြင့် မျက်စိကန်း၊ မှောင်မိုက်တွင်ကျင်လည်သူ၊ လောက၏ အလင်းယေရှုတည်း၊
    မိန့်တော်မူရာ ရပ်တွင် ဆေးကြောလျှင်မြင်မူ၊ လောက၏ အလင်းယေရှုတည်း။

    ၄။ ကောင်းကင်ဘုံတွင် နေအလင်းအလိုမရှိ၊ လောက၏ အလင်းယေရှုတည်း၊
    ရွှေပြည်တော်မှာ သိုးသငယအလင်း ဖြစ်၏၊ လောက၏ အလင်းယေရှုတည်း။

    Post a Comment

    Previous Next

    نموذج الاتصال