No results found

    ၄၀၂။ အိမ်ထောင် ကောင်းချီးမင်္ဂလာ

     


    ၁။ ဤအိမ်ထောင်ကို ကောင်းချီးပေးပါ၊ ကျေးဇူးပြုလျက် စောင့်ရှောက်ပါ၊
    ဘေးကင်းလုံခြုံရောဂါကင်းရှင်း၊ ငြိမ်းချမ်းခြင်း ပေးတော်မူပါ၊
    ကျန်းမာချမ်းသာ၊ ဝမ်းမြောက်ပျော်ရွှင်၊ မေတ္တာ အိမ်ထောင်ဖြစ်စေပါ။

    ၂။ ကလေးသူငယ် လူကြီးအားလုံး၊ ပညာဉာဏ်စွမ်းဖေးမပါ၊
    သုံးပါးတစ်ဆူ ဘုရားရှင်အား မိတ်ဖွဲ့ ယုံကြည်အားကိုးလျက်၊
    ကြောက်ရွံ့ရိုသေ ချစ်ခင်လေးစား ကြည်ညိုတတ်ရန် မစပါ။

    ၃။ အိမ်သားအားလုံး ကယ်တင်မူပါ၊ ပြစ်များကို လွှတ်တော်မူပါ၊
    ထွက်ဝင်ခြင်းကို စောင့်ရှောက်ကယ်မ၊ ချီးမွမ်းတတ်ခြင်း၊ သင်ပေးပါ၊
    ကိုယ်စိတ်နှစ်ပါး စွမ်းရည် သတ္တိ၊ ဆက်ကပ်နိုင်ရန် ကယ်မပါ။ အာမင်။

    Post a Comment

    Previous Next

    نموذج الاتصال