No results found

    ၃၆၄။ ဧဝံဂေလိနေ့သီချင်း

     


    ၁။ ခွင့်ထူးရွေးသော မြတ်ဉီးနော၊ နောက်တော်လိုက်လျက်၊ ကိုယ်ကိုဆက်၊
    မိဘမိတ်ဆွေ စွန့်ပစ်လေ၊ မျိုးသားပေါင်းလည်း မုန်းသတည်း၊
    သို့သော် တည်မြဲမေတ္တာစွဲ၊ ယေရှုရှင်၌ သစ္စာစိုက်၊
    ဘုရားကိုချစ်၊ လောကပစ်၊ မြန်မာတို့တွင် စ၍ထွင်၊
    ကြည်ညိုဖွယ်ကောင်း၊ သူတော်ကောင်း၊ ရှေ့ဆောင်ကြပြီ လိုက်ရမည်။

    ၂။ မြန်မာပြည်ဖွား၊ ခရစ်ယာန်များ၊ ကြိုးစားအားစိုက်၊ မှုတော်၌
    ခုချိန်ကာလ နိုးကြားကြ၊ လှုပ်ရှားနေသည်၊ မြန်မာပြည်၊
    ငြိမ်သက်ခြင်းကို လူတိုင်းလို၊ ခရစ်တော်သာ ပေးနိုင်ရာ၊
    ထကြ၊ လင်းပြ၊ လိုတိုင်းပ၊ စစ်ဆေးချိန်ခါ၊ ကျရောက်လာ၊
    ရှေ့တော်မြတ်တွင် ဝင်ရလျှင်၊ ဝမ်းမြောက်ဝမ်းသာရှိကြရာ။ အာမင်

    Post a Comment

    Previous Next

    نموذج الاتصال