No results found

    ၁၂၄။ လက်ဝါးကပ်တိုင်တော်ကြည့်၍ အံ့ဩဖွယ်ရာကျူး

     


    ၁။ ဘုန်းကြီးဘုရင်အသက်စွန့်သော လက်ဝါးကပ်တိုင် ကျွန်ုပ်မြင်လျှင်၊
    အကျိုးစီးပွား၊ အရှုံးခေါ်ဝေါ်၊ မာနအကုန် ပယ်ရှားရာထင်။

    ၂။ ခရစ်တော်ကားတိုင်မှ တပါး ကျွန်ုပ် ဝါကြွားရာလျင်း မရှိ၊
    ပျော်မွေ့စရာ အနတ္တများ၊ အကုန်အစင် ငါစွန့်ပယ်၏။

    ၃။ ကြည့်လော့လက်ခြေ၊ နံဘေး၊ ခေါင်းတော်၊ ဒုက္ခမေတ္တာ ရောလျက်ယိုစီး၊
    ဤသို့တခါ တွေ့ဖူးသလော၊ ဆူးဉီးရစ်တော် မတုနိုင်ပြီ။

    ၄။ သစ်တိုင်ပေါ်မှာ အလောင်းတော်သည်၊ ကိုယ်သွေးနှင့် လူးသည်ကို ထောက်လျှင်၊
    ကျွန်ုပ်လောကမှ စုတေ့၏၊ ၌လောကမှ စုတေ့အစဉ်။

    ၅။ စကြာဝဠာလှူနိုင်သော်ကား၊ ဒါနမထိုက်တန်နေအံ့လေ၊
    မေတ္တာတော်မြတ် အောက်မေ့သောခါ၊ အသက်ဝိညာဉ် ဆက်ကပ်မှပေ။

    Post a Comment

    Previous Next

    نموذج الاتصال