No results found

    ၂၉၄။ ချစ်သနားယေရှုဘုရားကျူး

     


    ၁။ ချစ်သနား ယေရှုဘုရား ရင်တော်၌ မှီခိုပါစေ၊
    ပြင်းစွာသော မုန်တိုင်းကျလာ၊ လှိုင်းတံပိုးထအားကြီးလေ။
    ဤဘဝ မုန်တိုင်းလွန်အောင်၊ လက်တော်ဖြင့် ကွယ်ကာအုပ်ထား၊
    ကောင်းကင်ဆိပ်တော်တွင်းတိုင်အောင်၊ ဘေးလွတ်မဲ့ ပို့ဆိုက်စေပါ။

    ၂။ ကိုးကွယ်ခိုရာခြားမမြင်၊ ကိုယ်တော်၌သာ မှီတွယ်ရာ၊
    စွန့်ပယ်အိုမစွန့်ပယ်နှင့် ထောက်မအားပေးတော်မူပါ၊
    ကိုယ်တော်ကိုသာ ကိုးစားလျှင်၊ ကိုယ်တော်ကို မျှော်လင့်နေရာ၊
    ကိုယ်တော်၏ အတောင်တော်ဖြင့်၊ ကျွန်ုပ်ခေါင်းကို ဖုံးအုပ်ပါ။

    ၃။ အိုခရစ်လိုလေသမျှ ကိုယ်တော်၌ ကြွယ်ဝစွာရှိ၊
    လဲသူချီ နွမ်းသူထောက်ရ၊ နာသူကန်းသူ ချမ်းသာ၏၊
    ကိုယ်တော်ဖြောင့်မတ် သန့်ရှင်းသည်၊ ကျွန်ုပ်မှာ အပြစ်လျှင်သာ၊
    ကျေးဇူးဂုဏ်တော် စုံလင်၏၊ ကျွန်ုပ်စက်ဆုပ်ရွံ့ဖွယ်သာ။

    ၄။ ကြွယ်ဝသော ကျေးဇူးတော်ဖြင့်၊ များစွာသော အပြစ်ဖြေရာ၊
    မေတ္တာတော်ရေများစွာနှင့်၊ ဆေးကြောစင်ကြယ်စေမူပါ၊
    ကိုယ်တော်သာ အသက်သခင်၊ ကိုယ်တော်က သက်ရေတိုက်ကျွေး၊
    ကျွန်ုပ်စိတ်အတွင်း၌ပင်၊ ထာဝရ စမ်းရေပေါက်စေ။ အာမင်။

    Post a Comment

    Previous Next

    نموذج الاتصال