No results found

    ၀၅၇။ ဂုဏ်တော်ကျူး

     


    ၁။ ကမ္ဘာမိုးမြေရှိလေသမျှ ပိုင်သအုပ်စိုး မိုးမြေသခင်
    လောကုတ်ဘုရင် ဘုရားရှင်အား ကျွန်ုပ်တို့ရှိခိုးပါမည် သခင်။

    ၂။ နေ့တိုင်းအစဉ် ကျွန်ုပ်တို့သည် ခံစားရသောကျေးဇူးများကို
    ကျွန်ုပ်တို့ ယခုချီးမွမ်းပါမည် ဂုဏ်တော်အပေါင်းကို ဟာလေလုဆို။

    ၃။ ဘေးရန်အပေါင်း မကောင်းရောဂါ ကွယ်ကာစောင့်မသောကျေးဇူးကို
    ကျွန်ုပ်တို့သည် ချီးမွမ်းထိုက်စွာ အာမင် အာမင် သီချင်းမြွတ်ဆို။

    ၄။ သေမင်းအရိပ် မှောင်မိုက်ထဲတွင် ရှိနေကြသော ကျွန်ုပ်တို့ကို
    လောကုတ္တရာစကြာနေမင်း လင်းကျေးဇူးကို ချီးမွမ်းမြွတ်ဆို။

    ၅။ ကျွန်ုပ်ယခုပြုသောဝတ်များ လက်ခံတော်မူခြင်းကျေးဇူးကို
    နေ့တိုင်းအစဉ် ပေးတော်မူပါ ကျေးဇူးတော်သီချင်းမြွတ်ဆို (အာမင်)

    Post a Comment

    Previous Next

    نموذج الاتصال