No results found

    ၀၂၄။ ထောမနာကျူး

     


    ၁။ မြတ်စွာဘုရားရှင်စော၊
     အတုမရှိမပေါ်၊
     ချီးမွမ်းကုန်လော့
     ကိုယ်တော်ဘုရားမှန်လေ၊
     ကိုးကွယ်ကိုးစားရာပေ။
     လူပေါင်းမဆိုင်းမနှေး၊
     ဝန်ခံပါစေ။

    ၂။ ယေရှုမျက်နှာတော်မှာ
     ဘုန်းတော်ရောင်ခြည်ထွန်းရာ၊
     မဟာမေတ္တာ။
     ထိုမြတ်လှသောအလင်း၊
     သိစေသောဉာဏ်အလျင်
     မြေကြီးအစွန်းတိုင်လျှင်
     လွှတ်ပါအရှင်။

    ၃။ ပြစ်ရှိသူသတ္တဝါ။
     ချွတ်တော်မူခြင်းမေတ္တာ
     ဝန်ခံကုန်ကြ။
     နာမတော်အားရိုသေ
     လေးမြတ်ဖွယ်ရာဖြစ်စေ၊
     ကိုယ်တော်ဘုရားမှန်ပေ၊
     ချီးမွမ်းကုန်လေ။

    Post a Comment

    Previous Next

    نموذج الاتصال