No results found

    ၃၁၇(က)။ ဝိညာဉ်ဘုရား ခွန်အားသစ်ပေးတော်မူပါ

     


    ၁။ ရှေးသန့်ရှင်းတမန်တော်များ စုရုံးလျက် ဆုတောင်းရာ၊ ဝိညာဉ်တော် သွန်းလောင်းခံရ၊
    ကိုယ်တော်တွက် လုပ်ဆောင်ကြ၊ ယနေ့ လုပ်ငန်းများတွက်တာ၊ ဝိညာဉ်တော် တောင်းခံပါ၊
    ဝိညာဉ်ခွန်အားသစ်ရရန်၊ စဉ်တောင်းဆုပန်။

    ထပ်ဆို
    သန့်ရှင်း ဝိညာဉ် ဘုရားဆင်းသက်မူပါ၊ ကျေးဇူးတော် တန်ခိုးနှင့်တကွ၊
    ကျွန်ုပ်တွင် ကိန်းဝပ်ပါ၊ သန့်ရှင်း ဝိညာဉ် ဘုရား
    ကျွန်ုပ်တို့အား လမ်းပြ၊ နိုးကြားထကြွမှုဆောင်ဖို့ရာ၊ ခွန်အားသစ်ပေးမူပါ။

    ၂။ အိုသန့်ရှင်းဝိညာဉ်ဘုရား ဆင်းသက်ကြွလာမူပါ၊
    ကျွန်ုပ်လွန်ကျူးပြစ်မျိုးမျိုး၊ လွှတ်ဖို့ရန် တောင်းပန်လို၊ ကိုယ်တော်ဖို့ အစေခံရန်
    ကျွန်ုပ်ကို အပ်နှံ၊ သက်ရှင်ရာ ပူဇော်သက္ကာ သုံးပြုမူပါ။

    Post a Comment

    Previous Next

    نموذج الاتصال