No results found

    ၃၉၃။ ရွှေပြည်တော်ကျူး

     


    ၁။ သန့်စင်သုခ တည်မြဲနေရာ၊ ရွှေပြည်တော် ကောင်းကင်ရှိ၊
    ညဉ့်လျှင် ကင်းလေ၊ နေထွန်းလျက်သာ၊ သန့်ရှင်းသူ စိုးစံ၏၊
    သက်စမ်းရေသည် စဉ်စီးနေသည်၊ ပန်းပွင့်မနွမ်းမကြွေ၊
    သေခြင်းမြစ်ငယ်၊ ထိုသာယာပြည်၊ ကျွန်ုပ်တို့နှင့် ခြားနား။

    ၂။ ထိုမြစ်တစ်ဘက်၊ စိမ်းလန်းလယ်ယာ၊ နှစ်မြို့ဖွယ်မြင်ရသည်၊
    ယော်ဒန်ခြားသော ရှေးခါနာန်ကား၊ ထိုသို့ပင် ဖြစ်သတည်း၊
    သာယာတောင့်တဖွယ် မှန်သော်လည်း၊ ထိုမြစ်ကို ကူးခြင်းငှာ၊
    လူတို့ မရဲ၊ ကြောက်ရွံ့လှသည်၊ ကမ်းနား၌ တုန်နေကြ။

    ၃။ ဪငါတို့၌ ယုံမှားစိတ်များ ရှင်းရှင်း ပယ်ရှားသဖြင့်၊
    ထိုခါနာန်ပြည်၊ ငါတို့်လိုရာ၊ ကြည်လင်စွာ မြင်ရလျှင်၊
    မောရှေ ကဲ့သို့ တောင်ထိပ်ပေါ်က မြင်ခင်းကို ရှုရသော်၊
    ယော်ဒန်လှိုင်းအေး သေခြင်းမြစ်ကား၊ ငါတို့ ကြောက်လန့်ရလော။ အာမင်။

    Post a Comment

    Previous Next

    نموذج الاتصال