No results found

    ၃၁၆။ ဒံယေလကို ထောက်၍ နှိုးဆော်ကျူး

     


    ၁။ ပညတ်တော်တိုင်း လိုက်လျှောက်၍ သေရည်သေရက်ကို
    ရှောင်ဝံ့ဒံယေလ ချီးမွမ်း၊ သာဓုခေါ်ကြကုန်စို့။

    ထပ်ဆို
    တစ်ယောက်တည်းနေသော်လည်း၊ ဒံယေလကဲ့သို့
    ယစ်မျိုးမြဲရှောင်ခြင်း အကြောင်းကြား ပြောဝံ့ကြစို့။

    ၂။ ဒံယေလကဲ့သို့ မပြု၊ ရဲရင့်စွာမနေ၊
    ရှက်ကြောက်သဘောရှိသူတို့ ပျက်စီးခြင်းသို့ ရောက်လေ။

    ၃။ လောဘ၊ ဒေါသ၊ မိုက်မဲခြင်း၊ များစွာ ရှိသော်လည်း၊
    ဒံယေလနည်း လိုက်သူတို့ တိုက်လျှင်၊ ကွယ်ပျောက်စေမည်။

    ၄။ စာတန် လူဆိုး မကြောက်ပဲ ဒံယေလ အောက်မေ့၊
    ဧဝံဂေလိ အလံကို ခိုလှုံအောင်မြင်ကြလေ။

    Post a Comment

    Previous Next

    نموذج الاتصال