No results found

    ၂၀၆။ အသနားတော်ခံသီချင်

     


    ၁။ ကျေးဇူးရှင် သခင်ယေရှု၊ ကျွန်ုပ်တို့ ကြည့်ရှုတော်မူ၊
    သေတတ်သော ဤခန္ဓာတွင်၊ နေရသော ကာလအစဉ်၊
    ကိုယ်တော်ကို ခိုလှုံအခွင့် ပေးတော်မူ၊ အိုယေရှုရှင်။

    ၂။ ဆိုးသွမ်းသောသူတို့လက်ဖြင့်၊ ခံတော်မူ အသေသတ်ခြင်း၊
    အောက်မေ့လျက် ကာလအစဉ်၊ စိတ်နှလုံးအထဲတွင်လျင်၊
    ကိုယ်တော်ကို နှစ်သက်ချစ်ခြင်း၊ ပြည့်စုံပါစေသောအရှင်။

    ၃။ ဤဘဝမှ ပြောင်းသောခါ၊ ထံတော်တွင် မြတ်သောချမ်းသာ၊
    စံရသောအခွင့်အရာ၊ မြတ်ကုသိုလ်တော်အားဖြင့်သာ၊
    မြတ်အမွေတော်ခံစေပါ၊ အိုယေရှုသခင်ဘုရား။ (အာမင်)

    Post a Comment

    Previous Next

    نموذج الاتصال