No results found

    ၀၀၃။ နံနက်ယံသီချင်း

     


    ၁။ ထ၊ ငါ့ဝိညာဥ်၊ နေနှင့်အတူ သင်၏ ဝတ်ကို နေ့စဥ်ပြုမူ၊


    နံနက်ဝတ်ကို ပြုအံ့သောငှာ ပျင်းရိခြင်းကင်း၊ စောစောထပါ။

    ၂။ လွန်သောအချိန် ရွေးနုတ်ပြုပြင်၊ ယနေ့ပင်လျှင် နောက်ဆုံးဟုထင်၊
    သတိပြု၍ စိတ်ဥာဏ်တိုးစေ၊ မဟာနေ့ဖို့ အသင့်ပြင်လေ။

    ၃။ မြွက်ဆိုတိုင်း၌ ဖြောင့်မှန်အစဥ်၊ သဘောစိတ်လည်း မှန်လိုကြည်လင်၊
    ကွယ်ရာကြံစည်ပြုလေရာမှု၊ ဘုရားသခင် ရှုမြင်တော်မူ။

    ၄။ ခမည်းတော် သားတော်၊ ဝိညာဥ်တော် ပေါင်းလျက် တဆူဘုရား ဖြစ်သော်၊
    ကောင်းကင်ဗိုလ်ခြေ၊ မြေနေလုံးစုံ ဂုဏ်ကျေးဇူးကို ချီးမွမ်းဆိုကုန်။ (အာမင်)

    ၃ (က) တုန့်ပြန်ရန်ကျူး
    နားညောင်းမူပါ၊ ဘ ဘုရားသခင်၊ ကရုဏာတော်အားဖြင့်
    ဆုကျေးဇူးပေးပါ။ အာမင်၊ အာမင်။

    Post a Comment

    Previous Next

    نموذج الاتصال