No results found

    ၀၇၁။ ပလ္လင်တော်စွန့်ခြင်းကျူး

     


    ၁။ ကောင်းကင်ဘုံ ရှင်ဘုရင် ပလ္လင်တော်ကို စွန့်၍၊
    မြေကြီးပေါ် ကျွန်ုပ်တွက်ကြွပြီ၊ ဖွားမြင်ခြင်းခံ အံ့ငှာ ဗက်လင် မြို့ သို့ကြွလာ၊
    ဖွားမြင်တော်မူ ရန်အိမ် မရှိပြီ။

    ထပ်ဆို
    ကျွန်ုပ် စိတ်ထဲ ၌ ကိန်းဝပ်ပါ၊ ကိုယ်တော်ဖို့ အသင့် ပြင်ဆင်ပြီ။
    ကျွန်ုပ် စိတ်ထဲ ၌ ကိန်းဝပ်ပါ၊ ကိုယ်တော်ဖို့ အသင့် ပြင်ဆင်ပြီ။

    ၂။ ကောင်းကင်တမန် တို့သည် ကြွေးကြော် တံပိုးမုတ်၏၊
    ကိုယ်တော် ဆင်းသက်ကြွတော်မူစဉ်၊ ကိုယ်တော်သည်
    ယုတ်ညံ့သော ဖွားမြင်ခြင်းကို ခံ ရ၊ လောကတွင် နိမ့်ချတော်မူ၏။

    ၃။ မြေခွေးမှာ တွင်းရှိ ၏၊ ငှက်မှာလည်း သိုက်ရှိ၏
    တော၌ ရှိသော သစ်ပင်အောက်မှာ ဂါလိလဲ ကန္တတွင်
    အို ဘုရားသားတော် မြတ်၊ ကိုယ်တော် မြက်ပေါ်တွင် ကျိန်းရ၏။

    ၄။ ကတိတော်မြတ်တည်လျက် လူတို့ ကို လွှတ်ခြင်းငှာ၊
    ကိုယ်တော်ကြွလာတော်မူ စဉ်၊ ဆူး ဖြင့်ရက်သော ဦးရစ် ကိုဆောင်းစေ ကြပြီး မှ၊
    ကာရာနီ သို့ ဆောင်ခြင်းခံရ။

    ၅။ ကိုယ်တော်သည် အောင်ခြင်းငှာ ကြွလာတော်မူသောခါ၊
    တံပိုးမုတ်ခြင်းများနှင့် ကြွလာ၊ ကိုယ်တော်၏ သံတော် နှင့်
    ကျွန်ုပ် ကို ခေါ်ခြင်းဖြင့်၊ ငါ့ နားတွင် နေရာ ရှိဆိုမည်။

    Post a Comment

    Previous Next

    نموذج الاتصال