No results found

    ၁၉၈။ ကိုယ်တော်နှင့် နီးစေပါကျူး


     ၁။ ကိုယ်တော်နှင့် နီးစေပါ၊ ကျွန်ုပ်ဘုရား၊ ကားတိုင်ဖြင့် မြှောက်သော်လည်း ဤပတ္တာနာ၊
    အစဉ်လျှောက်ထားလိုပါ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကျွန်ုပ်ဘုရား။

    ၂။ ထွက်ပြေးယာကုပ်ကဲ့သို့၊ နေဝင်ပြီးမှ၊ ကျောက်ခဲသာ ခေါင်းအုံးဘို့၊ ရနိုင်သော်ကား၊
    ညဉ့်နက်တွင်အိပ်မက်မှာ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကျွန်ုပ်ဘုရား။

    ၃။ စီရင်တော်မူသမျှ၊ ကျွန်ုပ်လျှောက်ရာ၊ ကောင်းကင်လှမ်းတက်လှေကား ဖြစ်စေမူပါ၊
    ကောင်းကင်သားနှင့်တကွ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကျွန်ုပ်ဘုရား။

    ၄။ သို့လျှင် နိုးသောအခါ ချီးမွမ်းစိတ်ရှိ၊ ဒုက္ခကျောက်ခဲများဖြင့် ဗေသလတည်မည်၊
    ဆင်းရဲအားဖြင့်လျှင်သာ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကျွန်ုပ်ဘုရား။

    ၅။ သို့တည်းမဟုတ် ဝမ်းသာ ရွှင်မြူးသဖြင့်၊ နေလကြယ်များ လွန်လျက်၊ ပျံတက်ရလျှင်၊
    အစဉ်ပင်လျှောက်လိုပါ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကိုယ်တော်နှင့်နီးစေပါ၊ ကျွန်ုပ်ဘုရား။

    Post a Comment

    Previous Next

    نموذج الاتصال