No results found

    ၀၅၉။ ၂၄ ခုမြောက်ဆာလံ


     ၁။ တံခါးမုတ်ကို ကြွလိုက်ကလော့၊ အချင်းတံခါးများတို့၊
    ကိုယ်ကို ကြွလိုက်၊ အိုထာဝရ မဟာတံခါးများတို့။

    ၂။ မြင့်မြတ်ဘုန်းကြီးသော ရှင်ဘုရင်၊ သခင်ဝင်တော်မူမည်၊
    မြင့်မြတ်ဘုန်းကြီးသော ရှင်ဘုရင် အဘယ်သူဖြစ်သနည်း။

    ၃။ ကောင်းကင်ဗိုလ်ခြေ အုပ်စိုးအရှင်၊ ထူးမြတ်အစွမ်းသတ္တိ၊
    စစ်တိုက်ခြင်းငှါ တန်ခိုးကြီးသော ဘုရားသခင်ပေတည်း။

    ၄။ မြင့်မြတ် ဘုန်းကြီးသော ရှင်ဘုရင် အဘယ်သူဖြစ်သနည်း၊
    သေခံလျက်နှင့် အောင်မြင်သောသူ ချွတ်ပိုင်ရှင် ဖြစ်သနည်း။

    ၅။ ကိုယ်ကို ကြွလိုက် တံခါးများတို့ သခင်ဝင်တော်မူမည်၊
    ကောင်းကင်သားများ ဖူးမြင် ဝမ်းမြောက် ကြွေးကြော် ချီးမွမ်းကြ၏။ (အာမင်)

    Post a Comment

    Previous Next

    نموذج الاتصال