No results found

    ၂၈၇။ ယေရှုသာလျှင် အလိုဖြည့်နိုင်ကျူး


     ၁။ အိုယေရှုရှင် ကျွန်ုပ်ဝိညာဉ်၊ ကိုယ်တော်မြတ်အားဖြင့်သာ၊
    ကြာမြင့်စွာ ရှာသော ဝမ်းသာခြင်း၊ နှစ်သိမ့်ခြင်းတွေ့ရပါ။

    ထပ်ဆို
    ယေရှုအပြင် ခုဘယ်သူမျှ အလိုမပြည့်စေနိုင်၊
    ချစ်ခြင်း အသက်၊ မြဲရွှင်မြူးရာ၊ ကိုယ်တော်အားဖြင့် ရပြီ။

    ၂။ စိတ်ချမ်းသာခြင်းကို ရှာစဉ်တွင် ကိုယ်တော်ကို မေ့လျော့သည်၊
    ကယ်တင်ရှင်မြတ်ကို ငြင်းပယ်စဉ်၊ မေတ္တာတော် သွေးဆောင်၏။

    ၃။ လောကီစည်းစိမ် နှစ်သက်ခြင်းဖြင့်၊ ကျွန်ုပ်စိတ်အေး စိမ့်ငှါ၊
    အထူးသဖြင့် ကြိုးစားစဉ်တွင် စိတ်ပျက်ခြင်းသာတွေ့ရ။

    ၄။ ယေရှုချစ်ဖွယ် ကောင်းခြင်းဖူးရန်၊ ကျေးဇူးမခံမီက၊
    ပျောက်သော ပျော်မွေ့ခြင်း စိတ်စွဲလန်း၊ ကိုယ်တော်ကို မတောင့်တ။

    Post a Comment

    Previous Next

    نموذج الاتصال