No results found

    ၂၉၀။ ငါ့ဝိညာဉ်၌ အလင်းရှိခြင်း ကျူး


     ၁။ နေရောင်ထက် ထွန်းတောက်သော အလင်းသည် ယနေ့ငါ့ဝိညာဉ်၌
    မှောင်မိုက်ဝမ်းနည်းခြင်း ပျောက်စေ၏၊ ယေရှုထိုအလင်းတည်း။

    ထပ်ဆို
    အိုယေရှုရှင် ထွန်းတောက် အလင်း၊ ငြိမ်သက်သာယာစွာ အချိန်လွန်စဉ်၊
    ကိုယ်တော်မြတ်သည် ပြုံးတော်မူစဉ်၊ ငါ့ဝိညာဉ်၌ အလင်းရှိ၏။

    ၂။ ယေရှုကို ချီးမွမ်းရာ သီချင်းသည် ငါ့ဝိညာဉ်၌ ရှိ၏၊
    နှုတ်မြွက်၍ မဆိုနိုင်သော်လည်း ကိုယ်တော်သနားမူ၏။

    ၃။ အပင်ပေါက်သော ဉတုရောက်ပေသည်၊ ယနေ့ငါ့ဝိညာဉ်တွင်၊
    ရှင်ယေရှုလင်းစေတော်မူလျှင် ကျေးဇူးပန်းများပွင့်၏။

    ၄။ ယခုစံရ နောက်စံရ အံ့သောကျေးဇူးတော်များအတွက်၊
    ချီးမွမ်းမေတ္တာနှင့် မျှော်လင့်ခြင်းရှိ၍ ငါစိတ်မပျက်။

    Post a Comment

    Previous Next

    نموذج الاتصال