No results found

    ၀၅၄။ ၁၃၉ ခုမြောက်သော ဆာလံ


    ၁။ ကောင်းကင်ဘုံရှင် ကိုယ်တော်ြမတ်သည် အကျွန်ုပ်ကို သိတော်မူ၏
    နိုးခြင်း အိပ်ခြင်း ထခြင်း ထိုင်ခြင်း၊ နှလုံးသည်းပွတ် အကုန်ကို မြင်။

    ၂။ အကြံအစည်၊ အပြုအမူ အကြွင်းမဲ့ပင် သိမြင်တော်မူ၊
    စကားမပြောခင် ဖြစ်သော်လည်း အဘယ်သို့ ပြောမည်ကို သိ၏။

    ၃။ ကောင်းကင်ဘုံသို့ တက်သွားရာတွင်၊ ကိုယ်တော်ခံစားတော်မူရာပင်၊
    ငရဲသို့ရောက်သည်မှန်ပါစေ၊ လက်ရုံးတော်သည် ကျွန်ုပ်ကို တွေ့။

    ၄။ မှောင်မိုက်အတိပင် ဖြစ်သော်လည်း၊ ရောင်ခြည်တော်လွှတ်လျှင် လင်းပါ၏၊
    စကြာ၀ဠာ ခပ်သိမ်းတို့မှာ ကင်းလွတ်အရပ် မရှိနိုင်ပါ။

    ၅။ ထိုထာ၀ရသခင်ဘုရား ရှေ့တော်၌ပင် ကြောက်ရွံ့လှုပ်ရှား၊
    အကျင့်မကောင်းအလျှင်းမပြု၊ အကျွန်ုပ်တို့ မစတော်မူ။ (အာမင်)

    Post a Comment

    Previous Next

    نموذج الاتصال