No results found

    ၃၄၄။ လက်တင်မင်္ဂလာပေးခြင်း


     ၁။ အသင်းဉီးခေါင်းသခင်ဘုရား အမှုတော်ဆောင် ကိုယ်တော်ကျွန်အား၊
    ဗျာဒိတ်တော်တိုင်း ကျွန်ုပ်တို့သည် ခု လက်တင်မင်္ဂလာပေးပြီ။

    ၂။ တရားတော်မြတ် ဟောပြောခြင်းနှင့် အဓိပ္ပါယ်လင်းစွာ ရှင်းပြခြင်း၊
    သင်းအုပ်ကျင့်ဝတ် သိက္ခာမျိုးကို အစဉ်ကျင့်ဆောင်နိုင်ပါစေလို။

    ၃။ နှစ်ခြင်းတောင်းသူတို့ပေါ်လာလျှင် နောင်တသဘောနှင့် ယုံကြည်ခြင်း၊
    သူ့ လက္ခဏာပိုင်းခြားစိမ့်ငှာ၊ သမ္မာသတိရှိစေမူပါ။

    ၄။ နောင်ပွဲတော်ခံဖို့ ချိန်တန်သော်၊ အသွေးအသားတော်ပုံဖြစ်သော၊
    စပျစ်ရည်မုန့်ကို ကိုင်သောခါ၊ သန့်ရှင်းခြင်းရှိ စေတော်မူပါ။

    ၅။ ကိုယ်တော်၏ ကျွန် သေသည်တိုင်အောင်၊ မသွေ တည်ကြည်ပါမည်အကြောင်း၊
    ဘဝပြောင်းသော် ထံတော်အပါး၊ ခံစားအခွင့် ကယ်မသနား၊ အာမင်။

    Post a Comment

    Previous Next

    نموذج الاتصال