No results found

    ၂၄၁။ ဝိညာဉ်တော် ဘုရားဆင်းသက်တော်မူပါကျူး

     


    ၁။ ဝိညာဉ်တော်ဘုရား ဆင်းသက်တော်မူပါ၊
    လောကစွဲလမ်းခြင်းကို စိတ်မှ ဖယ်ရှား၊
    ကိုယ်တော် စွမ်းအားကြီး အားနည်းခြင်းမစ၊
    ကိုယ်တော်ရှင်အား အကြွင်းမဲ့ ချစ်စေပါ။

    ၂။ အိပ်မက်နှင့် ရူပါရုံမတောင့်တပါ၊ ရုတ်တရက် ဘုန်းတော်ကို မဖူးလိုပါ၊
    ကောင်းကင်ပွင့်သောခါ၊ ကောင်းကင်တမန်များ ဆင်းသက်ခြင်း ရူပါရုံ မမြင်ချင်ပါ။

    ၃။ ကျွန်ုပ်ဘုရင် ကိုယ်တော်မြတ်ကိုသာ၊ စိတ်နှလုံးအကြွင်းမဲ့နှင့် ချစ်စေပါ၊
    တိုင်တော်ကို မြင်ရ၊ မှီတွယ်ရန် ညွှန်ပြ ကိုယ်တော်ကို ရှာသောခါ တွေ့မြင်စေပါ။

    ၄။ ကိုယ်တော်စဉ်တူရှိကြောင်း သိစေမူပါ၊ စုံစမ်းခြင်းကို ခံနိုင်စေတော်မူပါ၊
    မိစ္ဆာယူဝါဒ၊ ပုန်ကန်ခြင်း ဆီးတား၊ တောင်းသမျှ မရလျှင် သည်းခံစေပါ။

    ၅။ ကောင်းကင်သားလို ကိုယ်တော်ကို ချစ်စေပါ၊ စိတ်နှလုံးကို မေတ္တာတော်နှင့် ဖြည့်ပါ၊
    သန့်ရှင်းသော ဝိညာဉ် စိတ်အတွင်းကိန်းပါ၊ မေတ္တာပလ္လင် စိတ်ထဲတွင် ရှိစေပါ။

    Post a Comment

    Previous Next

    نموذج الاتصال