No results found

    ၁၅၈။ ယုံကြည်ပါကျူး


    ၁။ ပြစ်နှိပ်စက်ခြင်းခံသူတိုင်းလာ၊ ကိုယ်တော် ကရုဏာရှိ၊
    မိန့်တော်မြတ်ကို ယုံကြည်မူလျှင်၊ ငြိမ်းခြင်းအမှန်ရမည်။

    ထပ်ဆို
    ကိုယ်တော်မြတ်ကိုသာ ယုံကြည်ပါ၊ ယခုယုံကြည်ပါ၊
    သင်၏ အပြစ်မှ ကယ်ချွတ်မည်၊ ယခုကယ်ချွတ်မည်။

    ၂။ အပြစ်မှ ကယ်နုတ်မူလိုငှါ၊ သွေးတော်မြတ်သွန်းမူပြီ၊
    မိုးပွင့်ကဲ့သို့ ဖြူအောင်ဆေးလေ၊ သွေးတော်၌ နှစ်မြှပ်ပါ။

    ၃။ ယေရှုသမ္မာတရားလမ်းပေ၊ ငြိမ်သက်ခြင်းသို့ ပို့ဆောင်၊
    ကိုယ်တော်ကို ယုံကြည်ဆိုင်းမနေ၊ သင်သည် မင်္ဂလာရှိ။

    ၄။ ဝင်ပါ သန့်ရှင်းသူ စည်းဝေးရာ၊ ဘုန်းတော်ခံရန် ချီတက်၊
    ဝမ်းမြောက်ခြင်းအစဉ်ပြည့်စုံရာ၊ ကောင်းကင်အိမ်တွင် နေရန်။ 

    Post a Comment

    Previous Next

    نموذج الاتصال