No results found

    ၃၂၉။ ဓမ္မကျေးဇူးကျူး

     


    ၁။ ဘုရားတရား၏ စုံလင်ခြင်း စိတ်ဝိညာဉ်ကို ပြုပြင်ပေးပါ၊
    သက်သေခံချက် ဟုတ်မှန်ရှင်းလင်း၊ မိုက်သူတို့ကို လိမ္မာစေလေ။

    ၂။ ဘုရား၏ နည်းနာတော်ကိုကား ဖြောင့်မတ် စိတ်ကို ရွှင်ပျော်စေလေ၊
    ပညတ်တော်လည်း စင်ကြယ်လှစွာ၊ မျက်စိတို့ကို ကြည်လင်တတ်စေ။

    ၃။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသဘော သန့်ရှင်း၍ နိစ္စတည်း၊
    စီရင်ချက်တော်တို့မှန် မယွင်း၊ အကုန်အစင် လွန်လျှင်ဖြောင့်ညီ။

    ၄။ တရားတော်ကား ရှေ့ထက်အလွန်အများ ရွှေစင်ထက် နှစ်သက်ရာ၊
    အချိုပျားရည်ထက် ချိုမြတ်မွန်၊ တရားမြတ်ကို စောင့်ကြကုန်ပါ၊ အာမင်။

    Post a Comment

    Previous Next

    نموذج الاتصال