No results found

    ၂၂၉။ လက်ချည်းဖြစ်လျက် သေသွားရလောကျူး

     


    ၁။ လက်ချည်းဖြစ်လျက် သေသွားရလော့၊ ကယ်တင်ရှင်ကို ဤသို့ တွေ့၊
    မှုတော်မြတ်တို့ကို မဆောင်ဘဲ ကိုယ်တော်အား ဘာမျှမပေး၊

    ထပ်ဆို
    လက်ချည်းဖြစ်လျက်သေသွားရလော၊ ဤသို့ ကယ်တင်ရှင်ကို ကြည့်၊
    ခေါ်သွေးဆောင်ပြီးသူ မပါဘဲ၊ ဘယ်သို့ ထံတော်ဝင်မည်နည်း။

    ၂။ ခုသေရသော်လည်း မစိုးရိမ်၊ ကိုယ်တော်ခု ငါ့ကို ကယ်တင်၊
    သို့သော် လက်ချည်းသွားရသောကြောင့် ဝမ်းနည်းခြင်းနှင့် ငါမကင်း။

    ၃။ ချည်းနှီးလွန်စေသော နှစ်တို့်ကို တဖန်လွန်စေပြန်နိုင်လျှင်၊
    သက်ချိန်လုံး ကိုယ်တော်အားပေးလို၊ ကိုယ်တော်နောက်သို့ စဉ်လိုက်ချင်။

    ၄။ သန့်ရှင်းသူတို့ နိုး၍ ကြိုးစားနေ့ချိန်တွင် မှုတော်ဆောင်လေ၊
    သေရသော ကာလမရောက်မီ၊ သူတပါးကို သွေးဆောင်နေ။

    Post a Comment

    Previous Next

    نموذج الاتصال