No results found

    ၁၆၉။ ငါသည် အသက်ရှင်ရာကျူး


     ၁။ ငါသည် အသက်ရှင်ရာ၊ ခရစ်တော်ပင်ဖြစ်၏။
    သေလျှင်မူကား၊ အကျိုးချမ်းသာ သာ၍ထူးမြတ်အံ့တည်း။

    ၂။ သခင်ဘုရားအတွက် လက်ဝါးကပ်တိုင်တော်ကို၊
    ငါအားရသော စိတ်နှင့်ထမ်းလျက် ဒုက္ခခံမည် မျိုးမျိုး။

    ၃။ ငါအာဂန္တုဖြစ်သည်၊ ညတိုင်းစခန်းချလျှင်၊
    တနေ့တခြား ထက်ကောင်းကင်နီး၊ ယာယီပျက်ဖို့ မျှော်လင့်။

    ၄။ သခင်ဘုရားအတူ၊ သမ္မာလမ်းကြောင်းလျှောက်မည်၊
    ကိုယ်တော်အတူ ဆင်းရဲခံသူ၊ အဆုံး၌ အောင်မြင်သည်။

    ၅။ တောင်ထိပ်ပေါ်အရှဏ်တက်၊ အဝေးကမြင်ရသည်၊
    ဤလောကမှောင်မိုက်ကွယ်ပျောက်လျက်၊ မိုးသောက်လင်းစရှိပြီ။

    ၆။ တောင်ဝှေးချထားဖို့ရာ၊ အချိန်ရောက်လုနီးပြီ၊
    အနတ္တဖြင့် မမြှုနိုင်ပါ၊ သရဖူဆောင်းတော့မည်။

    ၇။ အဆုံးတိုင် တည်ကြည်သော်၊ သာဓု၊ ငယ်သားငါ့ထံ၊
    လာလော့ မိန့်တော်မူသော သံကို ငါကြားဖို့ နီးလေအံ့။

    Post a Comment

    Previous Next

    نموذج الاتصال