No results found

    ၀၁၉။ ၁၄၈ ခုမြောက် ဆာလံ

     


    ၁။ မဆုံး သုခနိုင်ငံ ဘုရားကို ချီပင့်ကြ၊
    သီချင်းသံနှင့် ချီးမွမ်း ကောင်းကင်ကြယ်တို့ထက်က၊
    ဟစ်ကြော်ကြလေ အိုခေရုဗိမ်ဟစ်ကြော်ကြလေ၊
    အိုခေရုဗိမ်၊ အိုသရဖိမ်၊ ချီးမွမ်းကုန်လေ။

    ၂။ ညဉ့်၌ သာယာသောလ၊ နေ့၌ ထွန်းလင်းသောနေ၊
    တောက်ပသော နက္ခတ်များ ကိုယ်တော်ကို ချီးမွမ်းလေ၊
    ချီးမွမ်းကြကုန်၊ ကောင်းကင်ထပ်ထပ်၊ ချီးမွမ်းကြကုန်၊
    ကောင်းကင်ထပ်ထပ်၊ လေမိုးရဟပ်၊ ထက်ရေလုံးလုံး။

    ၃။ ကိုယ်တော် လူစု၊ စွမ်းအားထူးလျှင် ချီးမြောက်တော်မူ၊
    အထံတော်၌ နေကြ ရွေးဣသရေလလူ၊
    အို ဟစ်ကြော်လေ ကျေးဇူးတင်ခြင်း၊ အိုဟစ်ကြော်လေ၊
    ကျေးဇူးတင်ခြင်း၊ ရွှင်လန်းခြင်းနှင့် ချီးမွမ်းကုန်လေ။

    ၄။ ခမည်းတော် သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၊
    သုံးပါးတစ်ဆူ သခင်၊ ပျပ်ဝပ်ရှိခိုးကြလော့၊
    နောက်နောင်မစဲ၊ ခုမှစ၍ နောက်နောင်မစဲ
    ခုမှစ၍ ရှေ့က ကဲ့သို့ ချီးမွမ်းစေမြဲ။ (အာမင်)

    Post a Comment

    Previous Next

    نموذج الاتصال