No results found

    ၁၉၆။ မိတ်ဆွေယေရှုကျူး

     


    ၁။ ငါတို့ပြစ်နှင့် ဝမ်းနည်းခြင်းများ၊ ခံရန် မိတ်ဆွေယေရှုရှိ၊
    ဆုတောင်းခြင်းဖြင့် ထံတော်ချဉ်းကပ်၊ ခွင့်သည် အံ့ဖွယ်ဖြစ်ပေ၏၊
    ငြိမ်သက်ခြင်းကို ကြိမ်ဖန်စွန့်ပစ်၊ မခံသင့် ဝန်ထမ်းခဲ့ပြီ၊
    ကိုယ်တော်ထံတွင် ဆုတောင်းခြင်းဖြင့်၊ မယူဆောင်ခြင်းကြောင့် ဖြစ်သည်။

    ၂။ ငါတို့တွင် စုံစမ်းနှောင့်ယှက်ခြင်း၊ ဆင်းရဲဒုက္ခရှိသလား၊
    ဘယ်ခါမျှ စိတ်မပျက်စေရာ၊ ဆုတောင်းလျက် ထံတော်ချဉ်းပါ၊
    ဝမ်းနည်းခြင်းမျိုး ခံမိတ်ဆွေလို၊ သစ္စာရှိသူတွေ့မည်လား၊
    ငါတို့အားနည်းခြင်း ယေရှုသိ၊ ဆုတောင်းလျက် ထံတော်ချဉ်းပါ။

    ၃။ ပင်ပန်းလှစွာ ဝန်ထုပ်လေး၍၊ အားနညးလျက်ရှိကြသလား၊
    ကယ်တင်ရှင် မှီခိုရာဖြစ်ပေ၊ ဆုတောင်းလျက် ထံတော်ချဉ်းပါ၊
    မိတ်ဆွေများ ရွံရှာစွန့်ပစ်လျှင်၊ ဆုတောင်းလျက် ထံတော်ချဉ်းပါ၊
    လက်တော်ဖြင့် ကွယ်ကာစောင့်မမည်၊ ထိုမှာ နှစ်သိမ့်ရာကိုရှာ။

    Post a Comment

    Previous Next

    نموذج الاتصال