No results found

    ၄၀၉။ စေလွှတ်မူပါဘုရား

     


    ၁။ သားတော်အလင်း တန်ခိုးမြတ်ရှင် ဝိညာဉ်ဘုရားသခင်၊
    ခြေရင်းတော်သို့ လူတိုင်း ပြန်လာ၊ သင်းတော်တိုးပွားစေပါ၊
    သားတော်ကို စွန့်ခဲ့သူတို့ပင် ဖူးမြင်ရန် ပြန်ရောက်လာစေချင်၊
    လမ်းလွဲသူကို ပြန်ခေါ်စိမ့်ငှာ၊ စေလွှတ်မူပါ၊ ဘုရား။

    ၂။ သန့်ရှင်းရာ မီး သက်ဆင်းစေပါ၊ ဝိညာဉ်တော်ဓားဖြင့်သာ၊
    ကိုယ်တော်တန်ခိုး အလင်းယူကာ၊ မှောင်မိုက်ကွယ်ပျောက်စေမှာ၊
    သူများ ကြောက်ရွံ့ထွက်ပြေးသော်ငြား၊ ကျွန်ုပ် ထိုသို့မဟုတ်စေရာ၊
    အသက်ကိုပင် စွန့်ရစိမ့်ငှာ၊ စေလွှတ်မူပါ၊ ဘုရား။

    ၃။ နာမတော်မြတ်ခံယူသည်ကို ကိုယ်တော်မြတ်တွေ့စေလို၊
    အခမဲ့တည်မြဲလှ မေတ္တာ ထင်ရှားစေတော်မူပါ၊
    ကျွန်ုပ်အပြစ် ကိုယ်တော်ခံရှာ၊ သီချင်းအားဖြင့် ကြေငြာနေမှာ၊
    ကရာနီကို ရှုကာ၊ ပန်ကြား၊ စေလွှတ်မူပါ၊ ဘုရား။

    Post a Comment

    Previous Next

    نموذج الاتصال