No results found

    ၀၄၉။ ဝေနေယျသတ္တဝါအပေါင်းကျူး


     ၁။ ဝေနေယျသတ္တဝါအပေါင်းတို့၊ သံပြိုင်အေးကျူး ချီးမွမ်းကြစို့၊
    ဟာလေလုယ၊ ဟာလေလုယ၊ တန်ခိုးအရှိန်ကြီးလှနေမင်း၊
    ကြည်လင်သာယာ ငွေရောင်လမင်း၊

    ထပ်ဆို
    ချီးမွမ်းကြ ချီးမွမ်းကြ၊
    ဟာလေလုယ၊ ဟာလေလုယ၊ ဟာလေလုယ၊ (အာမင်)

    ၂။ တန်ခိုးပြင်းထန်စွာ တိုက်သောလေ၊ ကောင်းကင်ဘဝဂ်ဝယ် မိုးတိမ်များ၊
    ချီးမွမ်းကြပါ ဟာလေလုယ၊ ဝမ်းမြောက်ရွှင်မြူးသော နံနက်ချိန်၊
    ဂုဏ်တော်ချီးမွမ်းမည် နေဝင်ချိန်။

    ၃။ သွင်သွင်စီးဆင်းနေသော စမ်းများ၊ သာယာပျော်မွေ့သံများဆိုကာ၊
    ဟာလေလုယ၊ ဟာလေလုယ၊ ပန်းမာန်သီးဝလံများဖြင့်၊
    ဘုန်းတော်ထင်ရှားစေတော်မူပြီ။

    ၄။ နူးညံ့သိမ်မွေ့သော လူမျိုးပေါင်း၊ အချင်းချင်း ပြစ်လွှတ်ကြလေကုန်၊
    ဟာလေလုယ၊ ဟာလေလုယ၊ သုံးပါးတစ်ဆူ ဖြစ်တော်မူသော
    ခမည်းတော်၊ သားတော်၊ ဝိညာဉ်တော်။

    Post a Comment

    Previous Next

    نموذج الاتصال