No results found

    ၃၁၉။ လက်တော်နှင့်တို့ခြင်းကျူး


     ၁။ ခါတစ်ရံ မှောင်ကြီးကျသောနေ့များတွင် ယေရှုရှင် မျက်နှာတော်မမြင်၊
    မှောင်ကွယ်ထားသော်လည်း ကိုယ်တော်ရှင်ရှိသည်၊
    လက်တော်နှင့် တို့ခြင်းဖြင့်သိ၏။

    ထပ်ဆို
    ရှင်ဘုရားလက်ဖျားတော်မြတ်နှင့် ကျွန်ုပ်၏ လက်ကို တို့ခြင်းဖြင့်၊
    စုံစမ်းရာနေ့မှာ ကိုယ်တော်ရှင် လက်သည်၊ ခွန်အားကို ကျွန်ုပ်အားပေး၏။

    ၂။ ခါတစ်ရံလမ်းမှာ မောပန်းခြင်းရှိလျှင် လောကီလမ်းကို တဖန်လျှောက်ချင်၊
    ထိုအခါ လက်ကို ကိုယ်တော်ဆွဲပြီးသော်၊ လမ်းမှန်ကို ပြန်လျှောက်ဖို့ သွေးခေါ်။

    ၃။ လမ်းသည် မှောင်သောကြောင့် မမြင်နိုင်သောခါ၊ ကိုယ်တော်ရှင် အလိုပင် ဝန်ချ၊
    လက်တော်ဖြင့်တို့လျှင် ယုံကြည်ခြင်း ဖြစ်လာ၊ ထိုခါမှ ဝမ်းသာ ရွှင်လန်းရ။

    ၄။ သေမင်းတန်ခိုးကြောင့် သေချိန်နီးသောခါ၊ ကျွန်ုပ်သည်တစ်ယောက်တည်းရှိမည်၊
    သို့သော်လည်း သေခြင်းမြစ်ကို ကူးသောခါ၊ လက်တော်ဖြင့် ကိုယ်တော် ဆောင်ပို့မည်။

    Post a Comment

    Previous Next

    نموذج الاتصال