No results found

    ၀၈၇။ ကယ်တင်တော်ကျူး


    ၁။ မဟာမေတ္တာကြင်နာချစ်ခင်၊ သေမင်းလက်တွင် ညှင်းဆဲခြင်းကို၊
    ခံနေရသော လူများကိုပင်၊ ရွေးနုတ်ခြင်းကို သီချင်းမြွက်ဆို။

    ၂။ အိုကျေးဇူးရှင် သခင်ယေရှု၊ အပြစ်များသော ကျွန်ုပ်တို့ကို၊
    အသွေးတော်နှင့် ရွေးနုတ်တော်မူ၊ ကျေးဇူးတော်ကို ချီးမွမ်းကြစို့။

    ၃။ အာမင် အာမင် မှန်လှပေသည်၊ ဧမာနွေလကျေးဇူးရှင်ကို၊
    ကျွန်ုပ်တို့သည် ချီးမွမ်းပါမည်၊ ဟာလေလုယ ဟာလေလုဆို။

    ၄။ ယခုချီးမွမ်းကြလေကုန်သော ကျွန်ုပ်တို့သည် ကိုယ်တော်မြတ်ကို
    ယုံကြည်၊ ကြည်ညိုနိုင်ပါစေသော၊ ကျေးဇူးပေါင်းကို သီချင်းမြွက်ဆို။

    Post a Comment

    Previous Next

    نموذج الاتصال