No results found

    ၂၃၁။ မှုတော်ဆောင်ရွက်ကျူး

     


    ၁။ ကိုယ်တော်မြတ်လျှောက်သွားသောလမ်းတော်မြတ်ကို လျှောက်လိုက်၊
    ဘုရားသခင်၏ အမှုတော်မြတ် ဆောင်ရွက်စို့၊ အမိန့်တော်မြတ်ကို နားထောင်လျက်၊
    အားယူကြကုန်၊ တွေ့သမျှ အမှုကို အားထုတ်လျက် ဆောင်ရွက်စို့။

    ထပ်ဆို
    လုပ်ဆောင်လျက်၊ လုပ်ဆောင်လျက်၊ လုပ်ဆောင်လျက်၊ လုပ်ဆောင်လျက်၊
    မျှော်လင့်လျက်၊ စောင့်ရှောက်လျက်၊ သခင်လာသည့်တိုင်အောင် လုပ်ဆောင်။

    ၂။ ဆာငတ်မွတ်သိပ်သောသူတို့ကို လုပ်ဆောင်ကျွေးမွေး၊
    မောပန်းသူတို့ကို သက်စမ်းရေပေါက်သို့ ပို့ဆောင်၊ တိုင်တော်နှင့် အလံတော် ငါတို့ဝါကြွားရာပေ၊
    ကယ်တင်ခြင်း ဖိုးမပေးဘဲရကြောင်း မြွက်ဆိုအောင်။

    ၃။ မှားယွင်းပျက်စီးခြင်း မိစ္ဆာမှောင်မိုက်နိုင်ငံတွင်၊
    လူမျိုးပေါင်းတို့ဆောင်ရွက်ရန် အလုပ်ရှိပေသည်၊ ဘုန်းကြီးတော်မူဘုရင်နာမတော် ချီးမြှောက်စဉ်၊
    ကယ်တင်ခြင်း ဖိုးမပေးဘဲရကြောင်း မြွက်ဆိုအောင်။

    ၄။ ကိုယ်တော်မြတ်အား ပေးတော်မူခြင်းဖြင့် နောက်ဆုံး၌
    ဝတ်လုံဖြူစင်၊ သရဖူကိုပေးတော်မူမည်၊ ဖြောင့်မတ်သူများတို့နှင့် စိုးစံရသောအခါ၊
    ကယ်တင်ခြင်း ဖိုးမပေးဘဲရကြောင်း မြွက်ဆိုအောင်။

    Post a Comment

    Previous Next

    نموذج الاتصال