No results found

    ၂၁။ ချီးမွမ်းခြင်းကျူး

     


    ၁။ မိုးအောက်တွင်နေ လူမျိုးအပေါင်း၊
     ဘုရားမြတ်ကိုချီးမွမ်းကြကုန်။
     ဘာသာစကားမျိုးမျိုးတွင်ပေ။
     ဝမ်းမြောက်စွာ သီချင်းဆိုပါစေ။

    ၂။ ကရုဏာတော် အစဉ်တည်၏၊
     ကတိတော်များ မြဲအံ့သတည်း။
     ချီးမွမ်းခြင်းသံ၊ မြေကြီးပြင်လုံး၊
     လွင့်သွားပါစေ၊ ကမ္ဘာထက်ဆုံး။

    ၃။ မှန်သောဘုရား ကိုးကွယ်သူများ၊
     ရွှင်လန်းစွာ သီချင်းဆိုကုန်ပါ။
     ဝမ်းနည်း၊ စိတ်ပူပန်ခြင်းပယ်ရှောင်၊
     ကရုဏာတော် ချီးမွမ်းကြကုန်။

    ၄။ ဤလောကတွင် ဒုက္ခခံစဉ်၊
     ကောင်းကင်ချမ်းသားမြတ်ကိုမျော်လင့်။
     ဘုရားကျေးဇူးအောက်မေ့ခိုလှုံ၊
     သီချင်းဆိုလျက်ဝမ်းမြောက်ကြကုန်။

    Post a Comment

    Previous Next

    نموذج الاتصال