No results found

    ၃၂၄။ ဉပုည်နေ့ကျူး

     


    ၁။ ဤဉပုသ်နေ့ ဗိမာန်တော်တွင် လူတို့အပြစ် ဖြေလွှတ်အရှင်၊
    သခင်ယေရှု ကျေးဇူးတော်ကို ရွှင်လန်းသော စိတ်နှင့် သီချင်းဆို။

    ၂။ ဤနေ့တွင် ထိုမြတ်သော အရှင်သေခြင်းမှ ထမြောက်တော်မူလျှင်၊
    အပြစ်ငရဲလွတ်ရသော လမ်းဖွင့်တော်မူ၏၊ ချီးမွမ်းကုန်အံ့။

    ၃။ ဤ သာယာသောနေ့ လူအပေါင်း ကယ်ချွတ်တရားတော် ကျေးဇူးကြောင့်၊
    ဝမ်းမြောက်ရွှင်လန်းသော စိတ်နှလုံးရှိလျက် သီချင်းများ ဆိုကြကုန်။

    ၄။ ဤ နေ့မူကား ဘုရား၏ နေ့၊ တပည့်တော်များ သိမှတ်ပါစေ၊
    မဟာကျေးဇူးတော် အောက်မေ့ဖို့ရာ၊ ရွှင်လန်းသော စိတ်နှင့် စည်းဝေးကြ။

    ၅။ ဝမ်းမြောက်သော စိတ်နှင့် ဉပုသ်စောင့်၊ အလိုတော်ကို သိမည်အကြောင်း၊
    တရားတော်ကို စေ့စေ့နာခံ၊ ကျေးဇူးတော်ကို ခိုလှုံကုန်အံ့။ အာမင်။

    Post a Comment

    Previous Next

    نموذج الاتصال